တူတူဒရော ကစားနည်းဆိုသည်မှာ ဘာလဲ။

တူတူဒရော သည်ထီပုံစံ နံပါတ်နှင့် အရောင် ကစားနည်းဖြစ်သည်။ (၃၇)ရောင် (အ၀ါ-၁၂၊ အစိမ်း-၁၂၊ အနီ-၁၂ နှင့် အပြာ-၁) ရှိပြီး ထိုအထဲမှ (၆) ခုကို မိနစ်တိုင်းတွင် မဲချမည်ဖြစ်သည်။ ဘောလုံးတိုင်းအတွက် နံပါတ်များ (၀)မှ (၆) အထိကို အောက်ပါ အတိုင်း တွေ့ရမည်။

တိုတိုဒရော

အောက်ဖော်ပြပါ ဥပမာသည် ဂိမ်းဖွင့်ထားစဉ် ဂိမ်းမျက်နှာပြင်ဖြစ်သည်။

အောက်ဖော်ပြပါ ဥပမာသည် ဂိမ်းဖွင့်ထားစဉ် ဂိမ်းမျက်နှာပြင်ဖြစ်သည်။

ထိုတွင် ကစားရန် ဂိမ်း(၈)မျိုးကို တွေ့ရမည်။ ၎င်းတို့မှာ သက်တန့်၊ ဟိုင်း-လိုးနံပါတ်များ၊ နောက်ဆုံးအရောင်၊ မကိန်း/စုံကိန်း၊ နောက်ဆုံးဘောလုံး၊ လော့တို၊ စုစုပေါင်း နှင့် ပထမ(သို့မဟုတ်)နောက်ဆုံးတို့ဖြစ်သည်။ အဆိုပါ ဂိမ်းများကို ဂိမ်းမျက်နှာပြင်၏ ထပ်နားတွင် ခလုတ်(tab)များဖြင့်တွေ့ ရမည်။ ကစားသူမှ ကစားလိုသော ဂိမ်းကို ခလုတ်(tab)များမှ တဆင့်ရွေးချယ်လိုက်သောအခါ တူတူဒရော မျက်နှာပြင်တွင် ရွေးချယ်လိုက်သော ဂိမ်း၏ သွင်ပြင်လက္ခဏာများက နေရာယူသွားမည်ဖြစ်သည်။

သက်တန့်
ရိန်းဘိုးတွင် ကစားသူမှ ဘောလုံးအရေအတွက်နှင့် အရောင်ကို သတ်မှတ်ပြီး မဲချမည်ဖြစ်သည်။ ကစားပွဲတွင် ရွေးချယ်ထားသော ဘောလုံးအရေအတွက် နှင့် အရောင် သည် မဲ ချသော ဘောလုံးအရေအတွက် နှင့် အရောင် တူညီပါက အနိုင်ပွဲတစ်ခု ဖြစ်မည်။ ရွေးချယ်ခြင်းပြုလုပ်ရန် အတွက် သင်လိုချင်သော အရောင်ကို ဘောလုံးအကြီး (၃)လုံးအနက်မှ တစ်ခု ကို click နှိပ်ပြီး ရွေးနိုင်ပါသည်။ နောက်ထပ်ရွေးချယ်ရမည့် အချက်မှာ ဘောလုံးအရေအတွက်ဖြစ်သည်။ ဘောလုံးအရေအတွက်ကို ၀၊ ၁၊ ၂၊ ၃၊ ၄၊ ၅ (သို့မဟုတ်) ၆ မှ တစ်ခုခုကို click နှိပ်ပြီး ရွေးချယ်ရပါမည်။ အခြား အရောင်သို့ ပြောင်းလဲလိုပါက သင့်လျော်သော အရောင်ရှိသည့် ဘောလုံးအကြီး ကို ထပ်မံပြီး click နှိပ်ရပါမည်။ ဘောလုံးအရေအတွက်ကို ပြောင်းလဲလိုပါက သင့်လျော်သော နံပါတ်အရေအတွက်ကို click နှိပ်ရပါမည်။ အရောင်ကို မရွေးလိုပါက ဟိုက်လိုက်အရောင်ရှိသော ဘောလုံးအကြီးကို တစ်ကြိမ် ထပ်မံ၍ click နှိပ်ရပါမည်။ နံပါတ်ရွေးချယ်ခြင်းကို ပြန်လည်ဆောင်ရွက်လိုပါက နံပါတ်အပေါ်တွင် click တစ်ကြိမ်ထပ်နှိပ်ရမည်ဖြစ်သည်။

ဥပမာ ဘောလုံး(၆)လုံးမှ အစိမ်းရောင် (၄)လုံးကို ရွေးချယ်ပြီး ကစားပွဲကို နေရာယူလိုက်သည်။ မဲချသောအခါ ဘောလုံးများသည် အောက်ပါအတိုင်း ဖြစ်သည်။ မဲချလိုက်သော ဘောလုံး(၄)လုံးသည် အစိမ်းရောင် အတိအကျဖြစ်နေသောကြောင့် ကစားပွဲသည် အောင်မြင်သည်။ အစိမ်းရောင်ဘောလုံး အရေအတွက်သည် (၄)ထက် ငယ်လျှင်သော်လည်းကောင်း ကြီးလျှင်သော်လည်းကောင်း ကစားပွဲသည် မအောင်မြင်ပါ။

သက်တန့်

ဟိုင်း-လိုး နံပါတ်များ
ဟိုင်း-လိုး နံပါတ်များကစားနည်းတွင် ကစားမည့်သူသည် ဘောလုံး(၆)လုံးကို မဲချပြီး ပေါင်းလိုက်သောအခါ  အမြင့် (စုစုပေါင်းသည် ၁၁၀ မှ ၂၀၁ အတွင်း) (သို့မဟုတ်) အနိမ့် ( စုစုပေါင်းသည် ၁၅ မှ ၁၀၆ အတွင်း) (သို့မဟုတ်) အလယ် (စုစုပေါင်းသည် ၁၀၇၊ ၁၀၈ (သို့မဟုတ်) ၁၀၉) ဖြစ်ရမည်။  ကစားပွဲသည် ဘောလုံး (၆)လုံးကို မဲချ၍ပေါင်းသောအခါ ရရှိသည့် ပေါင်းလဒ်သည် ရွေးချယ်ထားသော ပမာဏ (အမြင့် (သို့မဟုတ်) အလယ် (သို့မဟုတ်) အနိမ့်) နှင့်ကိုက်ညီပါက အနိုင်ရသော ကစားပွဲဖြစ်သည်။

ရွေးချယ်ခြင်းပြုလုပ်ရန်အတွက် ပန်းရောင် ညွှန်ပြမှု (၃) ခုအနက်(၁)ခုကို click လုပ်ရပါမည်။ အမြင့် (သို့မဟုတ်) အလယ် (သို့မဟုတ်) အနိမ့် တစ်ခုခု ဖြစ်ပါသည်။ ရွေးချယ်ခြင်းကို ပြောင်းလဲလိုပါက ကျန် ပန်းရောင် ညွှန်ပြမှု (၂) ခုမှ တစ်ခုတွင် click နှိပ်၍ ပြောင်းရမည်။ ရွေးချယ်ထားခြင်းကို ပယ်ဖျက်လိုပါက ဟိုက်လိုက်ရှိနေသော ညွှန်ပြမှုကို click တစ်ကြိမ်ထပ်မံ click နှိပ်ရပါမည်။

ဥပမာ နောက်ဆုံးဘောလုံး(၆)လုံး၏ ပေါင်းလဒ်ကို အနိမ့်ဖြစ်သည်ဟု ရွေးချယ်ပြီး ကစားပွဲကို နေရာယူလိုက်သည်။ မဲချသောအခါ ဘောလုံးများသည် အောက်ပါအတိုင်းဖြစ်သည်။ စုစုပေါင်းသည် (၉၉) ဖြစ်သည်။ ထိုကြောင့် ကစားပွဲသည် အောင်မြင်ပါသည်။ အကယ်၍ ဘောလုံး(၆)လုံးကို ပေါင်းလိုက်သောအခါ (၁၀၆) ထက် ကြီးပါက ကစားပွဲသည် မအောင်မြင်ပါ။

ဟိုင်း-လိုး နံပါတ်များ

နောက်ဆုံးအရောင်
နောက်ဆုံးအရောင်ကစားနည်းတွင် ကစားမည့်သူသည် နောက်ဆုံးဘောလုံး၏ အရောင်ပေါ်တွင် လောင်းကစားရပြုမည်ဖြစ်သည်။ ကစားပွဲတွင် ရွေးချယ်ထားသောအရောင်နှင့် နောက်ဆုံးဘောလုံး၏အရောင် တစ်ထပ်တည်းကိုက်ညီနေပါက အနိုင်ရသော ကစားပွဲဖြစ်သည်။

ရွေးချယ်မှုပြုလုပ်ရန်အတွက် အပြာရောင် (သို့မဟုတ်) အစိမ်းရောင် (သို့မဟုတ်) အဝါရောင် (သို့မဟုတ်) အနီရောင် ဘောလုံးအကြီးပေါ်တွင် click နှိပ်ရပါမည်။ အခြားအရောင်တစ်ခုကို ရွေးချယ်မှုကို ပြောင်းလဲလိုပါက သင့်လျော်သောအရောင် ဘောလုံးအကြီးပေါ်တွင် click နှိပ်ရပါမည်။ ရွေးချယ်ထားခြင်းကို ပယ်ဖျက်လိုပါက ဟိုက်လိုက်ရှိနေသော ဘောလုံးကို click တစ်ကြိမ်ထပ်မံ click နှိပ်ရပါမည်။

ဥပမာ နောက်ဆုံးဘောလုံးအရောင်ကို အဝါရောင်ရွေးချယ်ပြီး ကစားပွဲကို နေရာယူလိုက်သည်။ မဲချသောအခါ ဘောလုံးများသည် အောက်ပါအတိုင်းဖြစ်သည်။ နောက်ဆုံးဘောလုံး(နံပါတ် ၁၇)၏အရောင်မှာ အဝါရောင်ဖြစ်သောကြောင် ထိုကစားပွဲသည် အောင်မြင်ပါသည်။ အကယ်၍ နောက်ဆုံးဘောလုံး၏အရောင်မှာ အနီရောင်(သို့မဟုတ်) အစိမ်းရောင်(သို့မဟုတ်)အပြာရောင် ဖြစ်ပါက ကစားပွဲသည် မအောင်မြင်ပါ။

နောက်ဆုံးအရောင်

မကိန်း / စုံကိန်း
မကိန်း/စုံကိန်းကစားနည်းတွင် ကစားမည့်သူသည် ဘောလုံး(၆)လုံး၏ ပေါင်းလဒ်မှာ စုံကိန်း( ၂ ဖြင့်စားလျှင် ပြတ်သောဂဏန်း) (သို့မဟုတ်) မကိန်း( ၂ ဖြင့်စားလျှင် မပြတ်သောဂဏန်း)ဖြစ်/မဖြစ်ပေါ်တွင် လောင်းကစားရပြုမည်ဖြစ်သည်။ ကစားမည့်သူသည် စုံကိန်းကို ရွေးချယ်ထားပြီး ဘောလုံး(၆)လုံး၏ပေါင်းလဒ်ကို (၂)ဖြင့်စား၍ပြတ်ပါက (သို့မဟုတ်) ကစားမည့်သူသည် မကိန်းကို ရွေးချယ်ထားပြီး ဘောလုံး(၆)လုံး၏ပေါင်းလဒ်ကို (၂)ဖြင့်စား၍မပြတ်ပါက ထိုကစားပွဲသည် အနိုင်ရသော ကစားပွဲဖြစ်သည်။

ရွေးချယ်ခြင်းပြုလုပ်ရန်အတွက် ပန်းရောင် ညွှန်ပြမှု (၂) ခုအနက်(၁)ခုကို click လုပ်ရပါမည်။ မကိန်း (သို့မဟုတ်) စုံကိန်း တခုခုဖြစ်ရပါမည်။ ရွေးချယ်ခြင်းကို ပြောင်းလဲလိုပါက ကျန်ညွှန်ပြမှု တစ်ခုတွင် click နှိပ်၍ ပြောင်းရမည်။ ရွေးချယ်ထားခြင်းကို ပယ်ဖျက်လိုပါက ဟိုက်လိုက်ရှိနေသော ညွှန်ပြမှုကို ထပ်မံ၍ click တစ်ကြိမ် နှိပ်ရပါမည်။

ဥပမာ နောက်ဆုံးဘောလုံး(၆)လုံး၏ပေါင်းလဒ်ကို မကိန်းဖြစ်သည်ဟုရွေးချယ်ပြီး ကစားပွဲကို နေရာယူလိုက်သည်။ မဲချသောအခါ ဘောလုံးများသည် အောက်ပါအတိုင်းဖြစ်သည်။ ထိုဘောလုံးများ၏ပေါင်းလဒ်မှာ (၉၉) (မကိန်း) ဖြစ်သောကြောင့် ထိုကစားပွဲသည် အောင်မြင်ပါသည်။ အကယ်၍ ထိုဘောလုံးများ၏ပေါင်းလဒ်မှာ စုံကိန်း (ဥပမာ ၁၀၀) ဖြစ်ပါက ကစားပွဲသည် မအောင်မြင်ပါ။

မကိန်း / စုံကိန်း

နောက်ဆုံးဘောလုံး
နောက်ဆုံးဘောလုံးကစားနည်းတွင် ကစားမည့်သူသည် နောက်ဆုံးဘောလုံး၏နံပါတ်ပေါ်တွင် လောင်းကစားခြင်းပြုရမည်ဖြစ်သည်။ ကစားပွဲတွင် ရွေးချယ်ထားသောဘောလုံး၏နံပါတ်နှင့် နောက်ဆုံးဘောလုံး၏နံပါတ် တစ်ထပ်တည်းကိုက်ညီနေပါက ထိုကစားပွဲသည် အနိုင်ရသော ကစားပွဲဖြစ်သည်။

ရွေးချယ်ခြင်းပြုလုပ်ရန်အတွက် သင်လိုချင်သော နံပါတ်နှင့်ဘောလုံးပေါ်တွင် click လုပ်ရပါမည်။ အခြားဘောလုံးသို့ရွေးချယ်မှုကို ပြောင်းလဲလိုပါက သင်လိုချင်သောနံပါတ်အသစ်နှင့်ဘောလုံးပေါ်တွင် click နှိပ်ရပါမည်။ ရွေးချယ်ထားခြင်းကို ပယ်ဖျက်လိုပါက ဟိုက်လိုက်ရှိနေသော ဘောလုံးကို ထပ်မံ၍ click တစ်ကြိမ် နှိပ်ရပါမည်။

ဥပမာ နောက်ဆုံးဘောလုံး၏နံပါတ်ကို (၁၇)ဖြစ်သည်ဟု ရွေးချယ်ပြီး ကစားပွဲကို နေရာယူလိုက်သည်။ မဲချသောအခါ ဘောလုံးများသည် အောက်ပါအတိုင်းဖြစ်သည်။ ထိုဘောလုံးများမှ နောက်ဆုံးဘောလုံး၏နံပါတ်မှာ (၁၇)ဖြစ်သောကြောင့် ထိုကစားပွဲသည် အောင်မြင်ပါသည်။ အကယ်၍ နောက်ဆုံးဘောလုံး၏နံပါတ်မှာ (၁၇)မဟုတ်သော အခြားနံပါတ်များဖြစ်ပါက ကစားပွဲသည် မအောင်မြင်ပါ။

နောက်ဆုံးဘောလုံး

လော့တို
လော့တိုကစားနည်းတွင် ကစားမည့်သူသည် ဘောလုံး(၄)လုံး၏နံပါတ်များ ရွေးချယ်ပြီးလောင်းကစားရပြုမည်ဖြစ်သည်။ ကစားပွဲတွင် ရွေးချယ်ထားသော ဘောလုံး၏နံပါတ်များအားလုံးပါလာပါက ထိုပွဲသည် အနိုင်ရသော ကစားပွဲဖြစ်သည်။

ရွေးချယ်ခြင်းပြုလုပ်ရန်အတွက် ဘောလုံး(၃၇)လုံးအနက် ဘောလုံး(၄)လုံးပေါ်တွင် click လုပ်ရပါမည်။ ရွေးချယ်ထားခြင်းကို ပယ်ဖျက်လိုပါက ဟိုက်လိုက်ရှိနေသော ဘောလုံးကို ထပ်မံ၍ click တစ်ကြိမ်နှိပ်ရပါမည်။ ဟိုက်လိုက်ရှိနေသော ဘောလုံးအားလုံးကို ရွေးချယ်ထားခြင်းမှ ပယ်ဖျက်လိုပါက Clear ခလုတ်ကို နှိပ်ရပါမည်။

ဥပမာ ဘောလုံး၏(၄)လုံး၏ နံပါတ်များကို (၁၆၊ ၂၇၊ ၂၈ နှင့် ၁၇)ဖြစ်သည်ဟုရွေးချယ်ပြီး ကစားပွဲကို နေရာယူလိုက်သည်။ မဲချသောအခါ ဘောလုံးများသည် အောက်ပါအတိုင်းဖြစ်သည်။ ထိုဘောလုံးများတွင် ရွေးချယ်ခဲ့သော နံပါတ်(၄)ခုလုံးပါသောကြောင့် ထိုကစားပွဲသည် အောင်မြင်ပါသည်။ အကယ်၍ ဘောလုံးများ၏နံပါတ်တွင် (၁၆၊ ၂၈ နှင့် ၁၇)ပါဝင်ပြီး (၂၇)မပါဝင်ပါက ကစားပွဲသည် မအောင်မြင်ပါ။

လော့တို

စုစုပေါင်း
စုစုပေါင်းကစားနည်းတွင် ကစားမည့်သူ၏ ဘောလုံး(၆)လုံး၏ပေါင်းလဒ်သည် အပိုင်းအခြား (၄)ခုအနက် တစ်ခုရွေးချယ်ပြီး ထို ထဲတွင်ပါဝင်ခြင်းရှိ/မရှိပေါ်တွင် လောင်းကစားရပြုမည်ဖြစ်သည်။ ထို အပိုင်းအခြားများမှာ (၈၄)အောက်၊ (၈၄)နှင့်(၁၀၇)အကြား၊ (၁၀၈)နှင့် (၁၃၂)အကြား နှင့် (၁၃၂) အထက် တို့ ဖြစ်ကြသည်။ ကစားပွဲတွင် ဘောလုံးများ၏ပေါင်းလဒ်သည် ရွေးချယ်ထားသော အပိုင်းအခြားအတွင်း ရှိပါက အနိုင်ရသော ကစားပွဲဖြစ်သည်။

ရွေးချယ်ခြင်းပြုလုပ်ရန်အတွက် ပန်းရောင် ညွှန်ပြမှု (၄) ခုဖြစ်သော (၈၄)အောက် (သို့မဟုတ်) (၈၄)နှင့်(၁၀၇)အကြား (သို့မဟုတ်) (၁၀၈)နှင့် (၁၃၂)အကြား (သို့မဟုတ်) (၁၃၂) အထက် တို့အနက် (၁)ခုကို click လုပ်ရပါမည်။ ရွေးချယ်မှုကို ပြောင်းလဲလိုပါက အခြားညွှန်ပြမှု (၃) ခုအနက် (၁)ခု  click နှိပ်ရပါမည်။ ရွေးချယ်ထားခြင်းကို ပယ်ဖျက်လိုပါက ဟိုက်လိုက်ရှိနေသော ညွှန်ပြမှုကို click တစ်ကြိမ်ထပ်မံ click နှိပ်ရပါမည်။

ဥပမာ ဘောလုံး(၆)လုံး၏ပေါင်းလဒ်ကို (၈၄)နှင့်(၁၀၇)အကြား ကျရောက်သည်ဟု ရွေးချယ်ပြီး ကစားပွဲကို နေရာယူလိုက်သည်။ မဲချသောအခါ ဘောလုံးများသည် အောက်ပါအတိုင်းဖြစ်သည်။ ထိုဘောလုံးများ၏ပေါင်းလဒ်မှာ (၉၉) ဖြစ်သောကြောင့် ထိုကစားပွဲသည် အောင်မြင်ပါသည်။ အကယ်၍ ဘောလုံး(၆)လုံး၏ပေါင်းလဒ်မှာ (၈၄)ထက်ငယ်နေပါက (သို့မဟုတ်) (၁၀၇)ထက်ကြီးနေပါက ကစားပွဲသည် မအောင်မြင်ပါ။

စုစုပေါင်း

ပထမ (သို့မဟုတ်) နောက်ဆုံး
ပထမ (သို့မဟုတ်) နောက်ဆုံးကစားနည်းတွင် ကစားမည့်သူသည် ဘောလုံး(၂)လုံး (ရှေ့ဆုံး နှင့် နောက်ဆုံး) အနက် ပိုကြီးမည့် ဘောလုံးပေါ်တွင် လောင်းကစားရပြုမည်ဖြစ်သည်။ ကစားမည့်သူသည် ရှေ့ဆုံးဘောလုံးကြီးသည်ဟုရွေးချယ်ခဲ့ပြီး မဲချထားသော ဘောလုံးများမှ ရှေ့ဆုံးဘောလုံး၏နံပါတ်သည် နောက်ဆုံးဘောလုံး၏နံပါတ် ထက်ပိုကြီးနေပါက (သို့မဟုတ်)  ကစားမည့်သူသည် နောက်ဆုံးဘောလုံးကြီးသည်ဟုရွေးချယ်ခဲ့ပြီး မဲချထားသောဘောလုံးများမှ နောက်ဆုံးဘောလုံး၏နံပါတ်သည် ရှေ့ဆုံးဘောလုံး၏နံပါတ် ထက်ပိုကြီးနေပါက ထိုကစားပွဲသည် အနိုင်ရသော ကစားပွဲဖြစ်သည်။

ရွေးချယ်ခြင်းပြုလုပ်ရန်အတွက် လက်ဝဲဖက်တွင်ရှိသော ပန်းရောင်ဘောလုံး (သို့မဟုတ်) လက်ယာဖက်တွင်ရှိသော ပန်းရောင်ဘောလုံးပေါ်တွင် click လုပ်ရပါမည်။ လက်ဝဲဖက်တွင်ရှိသော ပန်းရောင်ဘောလုံး ကို ရွေးချယ်ခြင်းသည် ရှေ့ဆုံးဘောလုံးသည် နောက်ဆုံးဘောလုံးထက်ပိုကြီးသည်ကို ညွှန်ပြသည်။ လက်ယာဖက်တွင်ရှိသောပန်းရောင်ဘောလုံး ကို ရွေးချယ်ခြင်းသည် နောက်ဆုံးဘောလုံးသည် ရှေ့ဆုံးဘောလုံးထက်ပိုကြီးသည်ကို ညွှန်ပြသည်။ ရွေးချယ်ထားခြင်းကို ပယ်ဖျက်လိုပါက ဟိုက်လိုက်ရှိနေသော ဘောလုံးကို ထပ်မံ၍ တစ်ကြိမ် click နှိပ်ရပါမည်။

ဥပမာ နောက်ဆုံးဘောလုံးသည် ရှေ့ဆုံးဘောလုံးထက်ပိုကြီးသည်ဟုရွေးချယ်ပြီး ကစားပွဲကို နေရာယူလိုက်သည်။ မဲချသောအခါ ဘောလုံးများသည် အောက်ပါအတိုင်းဖြစ်သည်။ ထိုဘောလုံးမျာတွင် (၁၇)သည် (၁၆)ထက်ပိုကြီးသောကြောင့် ထိုကစားပွဲသည် အောင်မြင်ပါသည်။ အကယ်၍ နောက်ဆုံးဘောလုံးသည် (၁၅) (သို့မဟုတ်) (၁၅)ထက်ငယ်နေပါက ကစားပွဲသည် မအောင်မြင်ပါ။

ပထမ (သို့မဟုတ်) နောက်ဆုံး