Categories

မူပိုင်ခွင့် မူဝါဒ

Reference Number: AA-00216 Last Updated: 2013-07-08 15:54 0 Rating/ Voters Was this article helpful?Was this article helpful?Was this article helpful?Was this article helpful?Was this article helpful?

မူပိုင်ခွင့် မူဝါဒ

၁။ မူပိုင်ခွင့် မူဝါဒ

  1. “မူပိုင်ခွင့် မူဝါဒ” သည် Celton Manx Limited ပိုင်ဖြစ်ပြီး ၎င်းကို မှတ်ပုံတင်ထားသောရုံး Celton House, Isle of Man Business Park, Douglas, Isle of Man, IM2 2QZ, British Isles တွင်ရှိပြီး၊ “အော်ပရေတာ”က မည်သို့သော အချက်များကို လက်ခံရမည်၊ သုံးစွဲရမည်၊ ပုဂ္ဂိုလ်ရေး အချက်အလက်များကို မည်သို့ကာကွယ်ရမည်ကို ရှင်းလင်းဖော်ပြထားသည်။ သင်၏ မူပိုင်ခွင့်ကို ကာကွယ်ခြင်းနှင့် သင်၏ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကာကွယ်ခြင်းသည် ထိုအော်ပရေတာ အတွက် အရေးကြီး သည်။
  2. သင်၏ပုဂ္ဂိုလ်ရေးအချက်အလက်များကို Isle of Man အစိုးရထံတွင် ထားရှိပြီးဆောင်ရွက်မည်။ Isle of Man အစိုးရ၏ ၂၀၀၂ ခုနှစ် အချက်အလက်များကာကွယ်ခြင်း အက်ဥပဒေအရ အချက်အလက် အားလုံးကိုထိန်းသိမ်းထားမည်။

၂။ ဤမူပိုင်ခွင့် မူဝါဒ၏သက်ဆိုင်မှု

  1. ဤဝက်ဘ်ဆိုက်ကိုသုံးစွဲခြင်းဖြင့် သင်(“အသုံးပြုသူ”)သည် ဤမူပိုင်ခွင့် မူဝါဒ၏ စည်းကမ်း စည်းမျဉ်းများကို သဘောတူညီသည်။ သင်၏ပုဂ္ဂိုလ်ရေးအချက်အလက်ဖော်ပြချက်များကို အသုံးပြုခွင့် ထုတ်ဖော်ပြခွင့်ကို ဤမူပိုင်ခွင့် မူဝါဒတွင် ဖော်ပြထားသည်။
  2. ဤမူပိုင်ခွင့် မူဝါဒတွင် ပြောင်းလဲမှုများရှိလျှင် အဆိုပါပြောင်းလဲမှုများကို ဤဝက်ဘ်ဆိုက်ပေါ်တွင် ချက်ချင်းအကြောင်း ကြားမည်ဖြစ်သည်။ ဤဝက်ဘ်ဆိုက်ကို သုံးစွဲသူက ဆက်လက်သုံးစွဲမည်ဆိုလျှင် အဆိုပါ အကြောင်းကြားမှုကို သုံးစွဲသူက သိရှိပြီး မူဝါဒ ပြောင်းလဲမှုကို လက်ခံသည်ဟု သတ်မှတ်မည်။ အော်ပရေတာက သုံးစွဲသူအနေဖြင့် ဤမူပိုင်ခွင့် မူဝါဒကို ပုံမှန် ပြန်လည် ဆန်းစစ်ရန် အကြုံပြုထားသည်။

၃။ စုစည်းထားသော သတင်းအချက်အလက်များနှင့် ၎င်းတို့အား အသုံးပြုမှု

  1. အော်ပရေတာသည် သုံးစွဲသူများက ဤဝက်ဘ်ဆိုက်ကိုအသုံးပြုသည့်အချိန်တွင် သုံးစွဲသူများ၏ ကိုယ်ရေးအချက် အလက်များနှင့် ၎င်းဆောင်ရွက်ထားသော ကိစ္စရပ်များ၏ သတင်းအချက်အလက်များ၊ ၎င်း၏ ငွေပေးချေသည့်ကဒ်အသုံးပြုထားမှု အသေးစိတ်အချက်အလက်များအပါအဝင် အချက်အလက်များကို စုစည်းထားသည်။ အဆိုပါ ငွေပေး ချေသည့်ကဒ်အသုံးပြုမှု အသေးစိတ်အချက်အလက်များပေးရာတွင် ထိုအချက်အလက်များကိုဝှက်စာပုံစံဖြင့် (encrypted format) သိမ်း ဆည်းထားပြီး အော်ပရေတာလည်း အသုံးမပြုနိုင်ပါ။ အဆိုပါ ကိုယ်ရေးအချက်အလက်များတွင် သုံးစွဲသူ၏အမည်၊ မွေးသက္ကရာဇ်၊ အမြဲတမ်းနေရပ်လိပ်စာ၊ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်နှင့်အတူ အခြားသော အချက်အလက်များလည်းပါဝင်သည်။ သုံးစွဲသူသည် အော်ပရေတာဖြင့် အကောင့်တစ်ခုခုကို မှတ်ပုံတင်သည့်အချိန်တွင် ၊ (သို့မဟုတ်) ဤဝက်ဘ်ဆိုက်ကိုသုံးစဉ်၊ (သို့မဟုတ်) ဤဝက်ဘ်ဆိုက်မှ ပေးထားသည့် အလောင်းအစားဝန်ဆောင်မှုများ (“အင်တာနက်မှ လောင်းကစားနိုင်သော အထောက်အပံ့များ”) အသုံးပြုချိန်တွင် ကိုယ်ရေးအချက်အလက်များ တောင်းဆိုခြင်းခံရနိုင်သည်။
  2. ထို့အပြင် သုံးစွဲသူက ဤဝက်ဘ်ဆိုက်ဖြင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်သည့်အခါ (သို့မဟုတ်) အင်တာနက် မှ လောင်းကစားနိုင်သော အထောက်အပံ့များဖြင့် အပြန်အလှန်ဆောင်ရွက်သည့်အခါများတွင် အော်ပရေတာ၏ ဆာဗာသည် သုံးစွဲသူအလိုက် တစ်ဦးချင်းအတွက် ဆောင်ရွက်မှုမှတ်တမ်းထားရှိသည်။ အဆိုပါ မှတ်တမ်းတွင် သုံးစွဲသူ၏ စီမံမှုဆိုင်ရာ၊ အချက်အလက်သယ်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များဖြစ်သည့် မူရင်း အိုင်ပီ လိပ်စာ၊ သုံးစွဲသည့် အချိန်၊ သုံးစွဲသည့်နေ့၊ သွားရောက်ခဲ့သည့် ဝက်ဘ်စာမျက်မှာများ၊ သုံးစွဲခဲ့သည့်ဘာသာစကား၊ ပရိုဂရမ်ပျက်စီးသည့် အစီရင်ခံစာ၊ သုံးစွဲသည့် ဘရောက်စာ အမျိုးအစား စသည်တို့ကို စုစည်းထားသည်။ အဆိုပါ အသေးစိတ်အချက် အလက်များသည် ဤဝက်ဘ်ဆိုက်၏အရည်အသွေး၊ အင်တာနက်လောင်းကစားခြင်းအထောက်အပံ့များအတွက် အရေးပါသည်။
  3. အော်ပရေတာသည် တတိယပါတီ (Third-party) များထံမှ ဘဏ္ဍရေးဆိုင်ရာအဖွဲ့အစည်းများနှင့် အကြွေးကဒ်ထုတ်ပေးသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကိုလည်း သုံးစွဲသူ၏အကောင့်ကို ထိန်းသိမ်းရန်နှင့် အကြွေး (သို့မဟုတ်) အခြားသော ငွေကြေးဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ရယူထားမည်။ ထို့အပြင် အော်ပရေတာက သုံးစွဲသူ၏ပုဂ္ဂိုလ်ရေးအချက် အလက်များကို အဆိုပါရည်ရွယ်ချက်များဖြင့် အသုံးပြုရန် ရယူထားမှုအတွက် သုံးစွဲသူ၏ သဘောတူညီချက်ကိုလည်း ယူထားသည်။
  4. သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို
  5. (က) သုံးစွဲသူ၏ အကောင့်ကို စတင်ရန်၊ စီမံခန့်ခွဲရန်
    (ခ) လောင်းကစားများ (သို့မဟုတ်) အလောင်းအစားအတွက် ငွေပေးခြင်း၊ လောင်းကြေးပေးခြင်းများပြုလုပ်ရန်
    (ဂ) စာရင်းဇယားများတွင် သုံးရန်
    (ဃ) အချက်အလက်များ စိစစ်ရန်နှင့် ဈေးကွက်သုတေသနပြုလုပ်ရန်
    (င) သုံးစွဲသူ၏ အကြွေးနှင့်ပတ်သက်သည့် စွန့်စားမှုများကို စိစစ်ရန်
    (စ) သုံးစွဲသူအတွက် အရေအသွေး၊(သို့မဟုတ်) ဝန်ဆောင်မှုနှင့် ဂိမ်းကစားခြင်းအတွေ့အကြုံများကို ပိုမို တိုးတက်စေရန်
    (ဆ) သက်ဆိုင်ရာ လိုင်စင်ပြုလုပ်ခြင်းနှင့် စည်းကမ်း စည်းမျဉ်း လိုအပ်ချက်များကို လိုက်နာရန်
    စသည့် ကိစ္စရပ်များတွင် အသုံးပြုလိမ့်မည်ဖြစ်သည်။

၎။ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ တိကျမှန်ကန်မှု

  1. သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ တစ်စုံတစ်ရာပြောင်းလဲမှုရှိလျှင် အော်ပရေတာဆီသို့ support@sbobet.com အီးမေးလ်ပို့၍ အကြောင်းကြားရန် သုံးစွဲသူတွင် တာဝန်ရှိသည်။ အကယ်၍ သုံးစွဲသူက အော်ပရေတာ ထံတွင်ရှိသော ၎င်း၏ကိုယ်ရေးအချက်အလက်များ မတိကျ၊ မမှန်ကန်ဟု ယုံကြည်ပါက အဆိုပါအချက်အလက်များကို အမှန်ပြင်ရန် (သို့မဟုတ်) ပြောင်းလဲမှုပြုလုပ်ရန်အော်ပရေတာဆီသို့ support@sbobet.com ဖင့် အဆက်အသွယ်လုပ်ပြီး၎င်း၏ အသင်းဝင်နံပါတ်နှင့် ပြောင်းလိုသော အချက်အလက် အသေးစိတ်ကို ပေးပို့ တောင်းဆိုနိုင်သည်။
  2. အော်ပရေတာထံတွင်ရှိသော သင်(သုံးစွဲသူ)၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ၏ မိတ္တူရယူလိုလျှင်၊ (သို့မဟုတ်) မူပိုင်ခွင့် မူဝါဒနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုလျှင်၊ (သို့မဟုတ်) အော်ပရေတာ၏လက်တွေ့ဆောင်ရွက်မှုများကို သိလိုလျှင် ကျေးဇူးပြု၍ အော်ပရေတာကို support@sbobet.com ၌ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

၅။ ထုတ်ဖော်ချက်များ

  1. အော်ပရေတာအနေဖြင့် အောက်ဖော်ပြပါအခြေအနေများတွင် သုံးစွဲသည်၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ထုတ်ဖော်ပြောပြခြင်း ပြုလုပ်နိုင်သည်။
  2. (က) အကယ်၍ ဥပဒေအရပြုလုပ်ရန် လိုအပ်လျှင်
    (ခ) အကယ်၍ အော်ပရေတာက သဘောရိုးဖြင့် အောက်ဖော်ပြပါများတွင် လိုအပ်လျှင်
    (၁) အော်ပရေတာက တရားဝင်ဆောင်ရွက်ပေးသည့် ဤဝက်ဘ်ဆိုက် (သို့မဟုတ်) အင်တာနက် လောင်းကစားခြင်းပံ့ပိုးပေးမှုများအတွက် လိုက်နာစေလိုလျှင်
    (၂) အော်ပရေတာ၏လုပ်ပိုင်ခွင့် (သို့မဟုတ်) ရပိုင်ခွင့်ကို ကာကွယ်လိုလျှင်
    (၃) ဤဝက်ဘ်ဆိုက်သုံးစွဲသူများ၏ လုံခြုံရေး၊ အင်တာနက်လောင်းကစားခြင်းပံ့ပိုးမှုများနှင့် ပြည်သူလူထုကို ကာကွယ်ပေးရန် ဆောင်ရွက်လိုလျှင်
    (ဂ) ထိန်းသိမ်းရန် အာဏာအပ်နှင်းခြင်းခံရသူ (သို့မဟုတ်) လိုင်စင်ထုတ်ပေးသူ (သို့မဟုတ်) အာဏာပိုင်အဖွဲ့အစည်း
    (ဃ) လောင်းကစားများ (သို့မဟုတ်) အလောင်းအစားအတွက် ငွေပေးခြင်း၊ အကြွေးဆပ်ခြင်းများပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် Third-party များ
    (င) သုံးစွဲသူကို ကြားခံ လောင်းကစားခွင့်ပေးသူ (ရှိခဲ့လျှင်)
    (စ) အော်ပရေတာကို ငွေပေးချေရေးဝန်ဆောင်မှုပေးနေသည့် ငွေပေးချေရေးစီမံနိုင်သည့် မည်သည့်ကုမ္ပဏီကိုမဆို
    (ဆ) အော်ပရေတာကိုယ်စား (သို့မဟုတ်) ဝန်ဆောင်မှုပေးနေသည့် တတိယပါတီ (Third-party)များ
    (ဇ) အော်ပရေတာနှင့်၎င်း၏လုပ်ငန်းကို ဝယ်ယူသည့် မည်သည့် တတိယပါတီ (Third-party) ကိုမဆို
  3. ၂။ အကယ်၍ အော်ပရေတာ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် သုံးစွဲသူသည်
    -အော်ပရေတာကို လိမ်လည်ခြင်း (သို့မဟုတ်) လှည့်ဖြား ရန်ကြိုးပမ်းခြင်း၊ (သို့မဟုတ်)
    -အင်တာနက် လောင်းကစားခြင်းတွင် မည့်သည့်နည်းလမ်း ကိုမဆို လောင်းကစားရာတွင် ငွေပေးခြေရာတွင် လှည့်စား ခြင်း၊ (သို့မဟုတ်)
    -အကယ်၍ အော်ပရေတာက ငွေပေးချေ ရာတွင် လိမ်လည်လှည့်ဖြားသည်ဟုသံသယရှိလျှင်
    -အကြွေးကဒ်သုံးပြီး ငွေခိုးခြင်း၊ (သို့မဟုတ်) မည်သည့်လှည့်ဖြားရန် ကြိုးပမ်းသည့် လှုပ်ရှားမှုကိုမဆို (မည်သည့် ပြန်ပေးငွေ (သို့မဟုတ်) အခြား ငွေပေးချမှုကို ပြောင်းပြန်ဖြစ်အောင်လုပ်ခြင်း များအပါအဝင်) (သို့မဟုတ်)
    -တားမြစ်ထားသော ကိစ္စရပ်များ (ငွေဖြူ ငွေမဲပြောင်းခြင်း)
    များကိုတွေ့ရှိခဲ့လျှင် အော်ပရေတာသည် ထိုသတင်းကို (အဆိုပါ သုံးစွဲသူ၏ အိုင်ဒီနှင့်အတူ) အခြားသော အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက်များ၊ ဘဏ်များ၊ အကြွေးကဒ်ထုတ်ပေးသော ကုမ္ပဏီများနှင့် သင့်လျော်သော အစိုးရဌာန (ပြဋ္ဌာန်းထားသောဥပဒေကို လိုက်နာအောင် ဆောင်ရွက်သောဌာန) များသို့ အသိပေး သတင်းမျှဝေပေးပိုင်ခွင့်ရှိသည်။

၆။ ကွတ်ကီး

  1. ကွတ်ကီးဆိုသည်မှာ အသုံးပြုသူ၏ ကွန်ပျူတာတွင် ဝက်ဘ်ဘရောက်စာမှသိမ်းဆည်းထားသော စာသားအစိတ်အပိုင်းလေး တစ်ခုဖြစ်ပြီး ဝက်ဘ်ဆိုက်၏ အွန်လိုင်းစာမျက်နှာအချို့ကို သွားရောက်စဉ် အသုံးပြုသူ၏ နှစ်သက်သောအရာများကို မှတ်သားထားပေးသည်။ အော်ပရေတာသည် ကွတ်ကီးများကိုအသုံးပြုပြီး အသုံးပြုသူ ဤဝက်ဘ်ဆိုက်သုံးခြင်းနှင့် အင်တာနက်လောင်းကစားနိုင်သောပွဲများကစားခြင်းကို စောင့်ကြည့်နိုင်သည်။ အော်ပရေတာသည် ဤဝက်ဘ်ဆိုက်အသုံးပြုမှုနှင့် အင်တာနက်လောင်းကစားနိုင်သောပွဲများကို စောင့်ကြပ်ကြည့်ရှုရာတွင် ကွတ်ကီးများကို သုံးကောင်းသုံးနိုင်ပြီး၊ ပိုမိုတိုးတက်စေရန်နှင့် ပိုမိုလွယ်ကူသက်သာစေရန် ဆောင်ရွက်နိုင်သည်။
  2. အသုံးပြုသူသည် ကွတ်ကီးကို လက်ခံခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်းပြုလုပ်နိုင်သည်။ အွန်လိုင်းဘရောက်စာ အတော် များများသည် ကွတ်ကီးကို အလိုအလျောက်လက်ခံသည်။ သို့သော် အသုံးပြုသူ သဘောအတိုင်း ဘရောက်စာက ကွတ်ကီးကို လုပ်ဆောင်ခွင့်ပေးခြင်း မပေးခြင်းများပြုလုပ်နိုင်သည်။ ထိုသို့ဆောင်ရွက်ရန်အတွက် အသုံးပြုသူအနေဖြင့် ၎င်း၏ဘရောက်စာပေါ်ရှိ အကူအညီ မီနူး (help menu) တွင် အကြံဥာဏ်ရယူနိုင်သည်။ အကယ်၍အသုံးပြုသူသည် ကွတ်ကီးလုပ်ဆောင်ခွင့်ကို ငြင်းပယ်လိုက်လျှင် ဝက်ဘ်ဆိုက်နှင့်အပြန်အလှန်ဆက်သွယ်မှုနှင့် အင်တာနက် လောင်းကစားခြင်းများကို အပြည့်အဝလုပ်နိုင်မည် မဟုတ်တော့ချေ။
  3. ကွတ်ကီးနှင့်ပတ်သက်၍ ပိုမိုသိရှိလိုလျှင်၊ ၎င်းတို့ကိုမည်သို့ ငြင်းပယ်နိုင်သည်ကို သိရှိလိုလျှင် ကျေးဇူးပြု၍ www.allaboutcookies.org သို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။

၇။ လုံခြုံမှု

  1. အော်ပရေတာသည် ဥပဒေအရ ပုဂ္ဂိုလ်ရေးအချက်အလက်များကို မှန်မှန်ကန်ကန် တိတိကျကျ မှတ်သားထားရန်နှင့် လုံခြုံစိတ်ချစွာထားရှိကြောင်း သေချာစေရန် လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်လိမ့်မည်။ ပုဂ္ဂိုလ်ရေးအချက်အလက်များ အားလုံးကို အော်ပရေတာက ထိန်းသိမ်းရန်မလိုအပ်တော့လျှင် (သို့မဟုတ်) ဥပဒေအရ မလိုအပ်တော့လျှင် ဖျက်ဆီးပစ်မည်ဖြစ်သည်။
  2. အော်ပရေတာသည် အသုံးပြုသူက အင်တာနက်မှတဆင့် အော်ပရေတာထံ အချက်အလက်များ ပေးပို့စဉ် မည်သည့် အချက်အလက်များ ၏ လုံခြုံမှုကိုမျှ အာမခံမည် မဟုတ်ပါ။ အသုံးပြုသူက ပေးပို့စဉ် မည်သည့်အချက်အလက်တွင်မဆို တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အသုံးပြုသူ၏တာဝန်သာဖြစ်ပါသည်။ သို့သော် အော်ပရေတာက တစ်ကြိမ်လက်ခံရရှိပြီးသည်နှင့် အော်ပရေတာသည် မှားယွင်းအသုံးပြုမှုမရှိစေရန်၊ မပျောက်စေရန်၊ (သို့မဟုတ်) သုံးစွဲခွင့်မရှိသူက သုံးစွဲခြင်းများမရှိ စေရန် လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်လိမ့်မည်။

၈။ အင်တာနက်ပေါ်အခြေခံသည့် လွှဲပြောင်းမှုများ

  1. အင်တာနက်သည် ကမ္ဘာအနှံ့ ဆောင်ရွက်နိုင်သော ပတ်ဝန်းကျင်ကို ပေးထားသည့်အတွက် အင်တာနက်သုံးပြီး ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းရယူခြင်း၊ ဆောင်ရွက်ခြင်းများတွင် နိုင်ငံတကာအခြေခံအကျဆုံးအနေဖြင့် အချက်အလက်များ သယ်ယူပို့ဆောင်ခြင်းပါဝင်သည်။ ထို့ကြောင့် ဝက်ဘ်ဆိုက်ကို ကြည့်ရှုခြင်းနှင့် အော်ပရေတာကို အီလက်ထရောနစ်နည်းဖြင့် ဆက်သွယ်ခြင်းအားဖြင့် အသုံးပြုသူသည် အော်ပရေတာက အဆိုပါနည်းဖြင့် ၎င်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ဆောင်ရွက်နေသည်ဟု သိရှိပြီး သဘောတူပြီးဖြစ်သည်ဟု သတ်မှတ်သည်။
Copyright © SBOBET.com. All rights reserved.